Wednesday, August 22, 2012

Folder Icon Lock ကျနေရင် ဖြေရှင်းနည်း



Folder Icon တွေမှာ Lock ကျနေရင် ဒီနည်းလေးနဲ့ ဖြေရှင်းကြည့်ပါ..။ မနေ့တနေ့က Cbox မှာ အစ်ကို thuyein မေးထားတာလေးပါ..။ လုပ်နည်းကလွယ်ပါတယ်..။ အဆင့်လည်း သိပ်မများဘူ..။ အရင်ဆုံး Lock ကျနေတဲ့ Folder icon လေးပေါ်မှာ Right Click ထောက်ပါ..။ ပြီးရင် Properties  ကို သွားပါ..။ ကျန်တာတွေကိုတော့ အောက်ကပုံလေးတွေမှာ ဆက်ကြည့်လိုက်ပါ..။



Security ကနေ System, Edit ကိုကလစ်ပါ..။ အောက်ပုံ..

နောက်တဆင့်မှာတော့ Add ကို ဆက်နှိပ်သွားပါ..

အောက်ကပုံ အတိုင်းပေါ်လာရင် A နေရာမှာ ပြထားတဲ့ အတိုင်း Users လို့ ရိုက်ထည့်ပါ..။ ပြီးရင် B နေရာကို ကလစ်ပေးပါ..။


နောက်တကွက်ပေါ်လာရင် Ok ဆက်နှိပ်ပေးပါ..။ ဒီနေရာမှာတော့ မိမိတို့စက်ရဲ့ နာမည်နဲ့ ပေါ်လာမှာ ဖြစ်ပါတယ်..။


နောက်တကွက် ထပ်ပေါ်လာရင် Apply , OK နှိပ်ပေးလိုက်ပါ..။ ဒါဆိုရင် ပြီးသွားပါပြီ..။
 


အောက်ဆုံးပုံအတိုင်း Lock ကျနေတဲ့ Folder လေးမှာ သော့လေးပျောက်သွားတာကို 
မြင်တွေ့ရမှာ ဖြစ်ပါတယ်..။ 
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

No comments:

Post a Comment